ကျောင်းကုန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းကုန်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောက်ပိုင်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က “စာဖတ်ရှိန်မြှင့်တင်ရေး”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက “စားသုံးသူကာကွယ်ပေးရေး” အသိပညာပေးဟောပြောခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုင်းဝေလင်းနောင်က အားကစားအမျိုးအစား(၄)မျိုးရှိပြီး၊ အားကစားဆိုတာ ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ စာအုပ်စာပေများ၊ အာဇာနည်နေ့နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)