ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ကြေးတိုင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကြေးတိုင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ အထူးကုဆရာဝန်ကြီးများ ဝက်ခြံဂရက်ကျေးရွာသို့ ကွင်းဆင်းကုသ

ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျုံ‌ပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်(၆)ဦး၊ လက်ထောက်ဆရာဝန် (၆)ဦး၊ သူနာပြု(၂၂)ဦးပါဝင်သော အဖွဲ့သည်ဝက်ခြံဂရက်ကျေးလက်ကျန်းမာရေးဌာနအပိုင် “အောင်မင်္ဂလာသိဒ္ဓိ” ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကုသပေးခဲ့ကြကြောင်း သိရသည်။

သာပေါင်းနယ်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် Community Centre တွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂)ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်က အောင်ဆန်းလမ်းနှင့် (၇)လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ Online ငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် Online ငွေကြေးလိမ်လည်မှုများနှင့် စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှေဆိပ်ကျေးရွာရှိ စူပါအောင်ဖူဆယ်ဘောလုံး အားကစားကွင်း၌ ကျင်းပသည်။

လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ မိုးစပါး (High Yielt Potential) စံပြစိုက်ခင်းတွင် မိုးစပါးစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးဌေးအောင်၏ မိုးစပါး (High Yielt Potential) စံပြလယ်မြေတွင် စိုက်ပျိုးနေမှုအား ယနေ့နေ့လယ်ပိုင်းက ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး