မြောင်းမြ ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂)ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်က အောင်ဆန်းလမ်းနှင့် (၇)လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥများအား မြောင်းမြခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ စျေးရောင်းအဖွဲ့(၅)ဖွဲ့အား ဖွဲ့စည်းတာဝန်းပေး၍ မိမိတို့တာဝန်ကျသည့်နေ့တွင် ဆန်-သီးထပ်ရင် တစ်ပြည်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင်(၆၈၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင်(၃၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင်(၄၃၀) ကျပ်နှုန်းဖြင့် လည်းကောင်း မူလစျေးနှုန်းအောက်လျှော့ချ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များအား ယနေ့ဇူလိုင်လ(၃၀)ရက်နေ့တွင် မြောင်းမြ ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနစျေးရောင်းအဖွဲ့တို့မှ ဆန်(၄၀)အိတ်၊ စားအုန်းဆီ (၁၁၀) ပိဿာ၊ ကြက်ဥ (၂၁၀၀) လုံးနှင့် ဘဲဥ (၃၀၀) လုံးတို့အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)