မြောင်းမြခရိုင် Community Centre တွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

မြောင်းမြ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းအား မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ တာဝန်ရှိသူများက ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်ရမည့်ပါဝင်ပစ္စည်းများနှင့် ဆပ်ပြာဆီ အဆင့်သို့ရောက်ရန် ပြုလုပ်ပုံအဆင့်ဆင့်အား လက်တွေ့ပြသသင်ကြားခဲ့သည်။ ယင်းသင်တန်းသို့ သင်တန်းသားအဖြစ် အခြေခံပညာကျောင်းမှ သင်တန်းသူ ၁၄ ဦး တက်ရောက်သင်ကြားခဲ့သည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူထုအကျိုးပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးTalk Show များ ပြုလုပ်ခြင်း၊ စာဖတ်ဝိုင်းများနှင့် လူငယ်ရေးရာ ဟောပြောပွဲများ ဆွေးနွေးပွဲများဆောင်ရွက်လျက်ရှိသည်။

အောင်ဖြိုး