ကျောင်းကုန်းမြို့၌ အထူးကုဆရာဝန်ကြီးများ ဝက်ခြံဂရက်ကျေးရွာသို့ ကွင်းဆင်းကုသ

ကျောင်းကုန်း ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျုံ‌ပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်(၆)ဦး၊ လက်ထောက်ဆရာဝန် (၆)ဦး၊ သူနာပြု(၂၂)ဦးပါဝင်သော အဖွဲ့သည်ဝက်ခြံဂရက်ကျေးလက်ကျန်းမာရေးဌာနအပိုင် “အောင်မင်္ဂလာသိဒ္ဓိ” ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကုသပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုနှင့်အဖွဲ့ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ အားပေးကာ အာဟာရ ဒါနများ လှူဒါန်းခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်တွင် အထွေထွေရောဂါအထူးကုလူ နာ(၁၀၁)ဦး၊ ခွဲစိတ်လူနာ(၂၀)ဦး၊ သား ဖွားမီးယပ်လူနာ(၁၇)ဦး၊ အရိုးနှင့်ထိခိုက်ဒဏ် ရာလူနာ (၄၃)ဦး၊ တယ်လီဗေးရှင်းဓါတ်မှန်ရိုက်ခြင်း(၃၅)ဦး၊ သွားနှင့်ခံတွင်းလူနာ(၇)ဦး၊ ကလေးလူနာ (၃၄)ဦး၊ စုစုပေါင်းလူနာ(၂၅၇) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။ ကျောင်း ကုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် လူနာ(၁)ဦး(Hernia)အား ညွှန်းပို့စီစဉ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဌာန သိရသည်။

ဝင်းကြိုင်