သာပေါင်း ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာ ဦးဝင်းနိုင်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွဋ်မှ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူလယ်သမားများအား အာမခံထားရှိနိုင်သည့် အမျိုးအစားများ၊ အာမခံထားရှိခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမင်းဧရာထိုက်မှက သာပေါင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးမှု အခြေအနေများ၊ သီးနှံအာမခံထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာဦးဝင်းနိုင်၊ မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းတာဝန်ခံ ဦးသန်းထွဋ်နှင့်တာဝန်ရှိသူများမှ တက်ရောက်လာသည့် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး