ဧရာဝတီတိုင်းဒေသကြီး

မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးဟောပြောပွဲများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာအုပ်စု၊ ဆန်နိချောင်ကျေးရွာ ဇေယျသိင်္ဂီကျောင်းတိုက် ဓမ္မာရုံတွင် ယနေ့နံနက်က မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် လူထုအသိပညာပေး ဟောပြောပွဲများကွင်းဆင်းဆောင်ရွက် ခဲ့သည်။

ပန်းတနော်မြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက်ပိုင်းကသက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို  ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ အသိပညာဟောပြောပွဲအား ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရေလိန်ကျေးရွာ၌ ဆောင်ရွက်ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပွဲစားဂုံညှင်းတန်းကျေးရွာတောင်သူ ဦးကျော်အောင်(ပါ) တောင်သူ (၂)ဦး၏ လယ်ယာမြေ (၅)ဧက တွင်ဆင်းသုခ (စပါးမျိုး)စိုက်ပျိုး၍ ၂၀၂၅- ၂၀၂၆ ခုနှစ် မိုးစပါးရေတော် မိုးတော် ထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ထပ်ဆင့်လူရည်ချွန်ကြိုဆိုဂုဏ်ပြုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ထပ်ဆင့်လူရည်ချွန် (Grade-9, Grade-11) ကျောင်းသူ မသဒ္ဓါခွန်းချိုအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့မ‌ဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့်အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး