မော်လမြိုင်ကျွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

မော်လမြိုင်ကျွန်း ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ အသိပညာဟောပြောပွဲအား ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရေလိန်ကျေးရွာ၌ ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေး လိုက်နာရမည့်အချက်များ၊  ဥပဒေအကြောင်းများ၊  ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်းမှ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းရည်စိုးက ရေချို၊ ရေငန်ငါး၊ ပုစွန်သယံဇာတ နှစ်ရပ်လုံးပေါကြွယ်ဝသည့် မိမိတို့ နိုင်ငံအနေဖြင့် ငါးလုပ်ငန်းကဏ္ဍသည် လူမှုရေး၊ စီးပွားရေးအတွက် အရေးပါသည့်လုပ်ငန်းများ ဖြစ်ကြောင်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းမှ ခွေးရှုးပြန်ရောဂါကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်များအကြောင်း စသည့်တို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်