ဓနုဖြူ သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ထပ်ဆင့်လူရည်ချွန် (Grade-9, Grade-11) ကျောင်းသူ မသဒ္ဓါခွန်းချိုအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကြိုဆိုဂုဏ်ပြုရာတွင် ထပ်ဆင့်လူရည်ချွန်ကျောင်းသူ မသဒ္ဓါခွန်းချိုအား အ.ထ.က(၂)ဓနုဖြူ ကျောင်းရှေ့မှစတင်၍ ယာဥ်တန်းများဖြင့်ထွက်ခွာလာရာ လမ်းတစ်လျှောက်ရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး အ.ထ.က(၁) ဓနုဖြူကျောင်းသို့ ရောက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကာ ပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် ထပ်ဆင့်လူရည်ချွန် မသဒ္ဓါခွန်းချိုအား ဂုဏ်ပြုပွဲအခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ထပ်ဆင့်လူရည်ချွန် မသဒ္ဒါခွန်းချိုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် ဆရာ၊ ဆရာမများ၊ အ.ထ.က(၁)ဓနုဖြူမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်