ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားအား ကြည့်ရှုအားပေး

အိမ်မဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပွဲစားဂုံညှင်းတန်းကျေးရွာတောင်သူ ဦးကျော်အောင်(ပါ) တောင်သူ (၂)ဦး၏ လယ်ယာမြေ (၅)ဧက တွင်ဆင်းသုခ (စပါးမျိုး)စိုက်ပျိုး၍ ၂၀၂၅- ၂၀၂၆ ခုနှစ် မိုးစပါးရေတော် မိုးတော် ထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများတောင်သူများတက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးက ဆောင်ရွက်ထားရှိမှုများကိုဝန်ကြီးချုပ်အား တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်