ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ညောင်တုန်း ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့မ‌ဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သဘာ၀ဘေးကာကွယ်ရေးစီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ဘေးအန္တရာယ်သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ သဘာဝဘေးများဖြစ်ပေါ်ချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝဘေးဖြစ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ပါက ဆက်သွယ်ရမည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)