အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

အမာ ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အမာမြို့၊ အ.ထ.ကကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းက မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ သံဓာတ်အာဟာရနှင့် သွေးအားနည်းရောဂါအကြောင်း ဝမ်းပျက် ဝမ်းလျှောရောဂါများ၊ ခွေးရူးပြန်ရောဂါ အကြောင်းများနှင့် ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းအကြောင်းတို့ကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဆရာမ ဒေါ်ခင်ချောစုထွေးက ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းများ၊ ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများ၊ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရောဂါဖြစ်ပွားပါက ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားရောက်ကုသမှုခံယူရန် လိုအပ်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။

ဟောပြောပွဲ အခမ်းအနားတွင် အမာမြို့၊ အ.ထ.ကကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်း၊ ပြည်သူ့ကျန်းမာရေးးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ အ.ထ.ကအမာကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)