အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်းရှိ အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်း ၊ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့နယ်အတွင်းရှိ အားကစားခန်းမနှင့် အားကစားကွင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။