ဟင်္သာတ ဩဂုတ် ၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်း ၊ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့နယ်အတွင်းရှိ အားကစားခန်းမနှင့် အားကစားကွင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ဦးရွှေဒွေးလမ်းရှိ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမသို့ ရောက်ရှိလာခဲ့ပြီး အဆိုပါ အားကစားခန်းမ၌ Mizzima Star Co.,Ltd မှ တာဝန်ယူ၍ အကြီးစားပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းများအားလည်းကောင်း၊ ဥယျာဥ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတို့အား ကြည့်ရှု့စစ်ဆေးခဲ့ရာ ခရိုင်နှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပြန်လည်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)