ဧရာဝတီတိုင်းဒေသကြီး

ဘိုကလေးမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရတ်သတ္တပတ်လှုပ်ရှားမှု စတင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၅၀)ဆေးရုံတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပထမအပတ် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကျင်းပသည်။

အိမ်မဲမြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကိုယနေ့တွင် ဆက်လက်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။

အမာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ဩဂုတ်လ (၇) ရက်၊ နေ့လယ်ပိုင်းက လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်တွင် ပြုလုပ်သည့် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာနှင့်အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်းကျေးရွာတို့တွင် မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ တောင်သူများ၏လယ်မြေတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ ဒေသခံ တောင်သူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့ရောင်းခြင်းအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယ​​နေ့နံနက် (၁၀) နာရီက ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်းကျေးရွာမှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့လျက်ရှိသည့်လုပ်ငန်းများအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မင်းရဲကျော်စွာလမ်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတာဝန်ခံရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက စာအုန်းဆီ ဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်းရှိ အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်း ၊ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့နယ်အတွင်းရှိ အားကစားခန်းမနှင့် အားကစားကွင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က( ငွေဆောင်) ၌ မိုးရာသီကျောင်း ကောင်စီဖလား ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၏   ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး