တံတားဦးခရိုင်/မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြ

တံတားဦး မေ ၂၁

မန္တလေးတိုင်းဒေသကြီးတံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တံတားဦးခရိုင်/မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ လက်တွေမီးငြိမ်းသတ်နည်း သရုပ်ပြ ဆောင်ရွက်ခြင်းကို ကွင်းဆင်းဆောင်ရွက်ကြကြောင်းသိရသည်။

ဦးစွာ တံတားဦးမြို့မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင်က မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်၊  မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးသတ်ဆေးဘူးများ၊ လျှပ်စစ်မီးဝါယာကြိုးများသွယ်တန်းထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြရာ မီးသတ်ဆေးဘူးတွင်ပါရှိသည့် အကြောင်းအရာများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြနည်းများ၊ မီးသတ်ဆေးဘူးမသုံးစွဲမီ ဆွဲ၊ ချိန်၊ ညှစ်၊ ဖျန်းဆိုသည့် ဆောင်ပုဒ်အတိုင်း မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် 191 Report Application အသုံပြုမှုများကို  ရှင်းလင်းပြောကြားပြီး မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)