ကျောက်ဆည် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှေ့၌ ယနေ့နံနက် ၇ နာရီခွဲက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပသည်။
အခမ်းအနားသို့ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ မြို့နယ်ပညာရေးမှူးဦးမြင့်ဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ထူထားသော ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)