တံတားဦး မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို မေ ၂၁ ရက် နံနက်ပိုင်းက တံတားဦးမြို့ မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/သူများ အခက်အခဲမရှိ ကျောင်းအပ်နှံပညာသင်ကြားနိုင်ရေး၊ ကျောင်းသား/သူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ကြစေရန် ရည်ရွယ်ပြီး တံတားဦးမြို့နယ်အတွင်းရှိ စုစုပေါင်း ကျောင်း (၁၂၁) ကျောင်းအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံတို့ကို သတ်မှတ်အတန်းအလိုက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)