ရမည်းသင်း မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး၊ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၇နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၊ အ.ထ.က- မြို့မကျောင်းရှေ့နှင့် အ.ထ.က(၁)-ရမည်းသင်း ကျောင်းရှေ့တို့၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မြေစိုက်ပိုစတာ စိုက်ထူပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်မြေစိုက်ပိုစတာဆိုင်းပုဒ်အား အမွှေးနံသာရည်များဖြင့် ပတ်ဖျန်းပေးခဲ့ကြကာ လက်ကမ်းစာစောင်များ ဝေငှခဲ့ကြကြောင်း သတင်းရသည်။
ဟိန်းပြည့်ဇော် (ပြန်/ဆက်)