မြင်းခြံ မေ ၂၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ နံနက်(၇)နာရီက မြင်းခြံမြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အမှတ်(၃)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းရှေ့တို့တွင် ပြုလုပ်သည်။
ဆိုင်းဘုတ်စိုက်ထူပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွဋ် နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကြည်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်းတို့မှ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
ချစ်ဦးနွေ(မြင်းခြံ)