မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေးနေ့ လှုံ့ဆော်ရေးပိုစတာစိုက်ထူ 

မိတ္ထီလာ မေ ၂၁

မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေးနေ့လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထက(၁) ပညာရေးစုံညီခန်းမရှေ့ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ လှုံ့ဆော်ရေးပိုစတာကို စိုက်ထူပြီးနောက် အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပြီး တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ချမ်းသာ