ပျော်ဘွယ် မေ ၂၂
ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းကို မေလ ၂၂ ရက်၊ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများ၌ မီးသတ်ဆေးဘူး အသင့်ထားရှိမှု၊ သက်ဆိုင်ရာဝန်ထမ်းများ မီးသတ်ဆေးဘူးကို ကျွမ်းကျင်စွာအသုံးပြုတတ်စေရန် နည်းစနစ်များ ပြသပေးခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကား အသင့်ထားရှိမှုတို့ကို ကြည့်ရှုပြီး လိုအပ်သော အကြံပြုချက်များပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)