ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝးကျင်းပ

ညောင်ဦး မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မေ ၂၂ ရက်၊ နံနက် ၉ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကာ်မတီ အတွင်းရေးမှူး ဒေါ်ဖြူသွဲ့သွဲအောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြသည်။ ပြီးနောက် ဆပ်ကော်မတီအသီးသီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေး‌ပေါ်တုံ့ပြန်နိုင်ရေး စုဖွဲ့ထားရှိနိုင်ရေးတို့အား သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း