ပုသိမ်ကြီး မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ (၁) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်မှ သင်တန်းနှင့် ပတ်သက်သည့် စည်းကမ်းချက်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းသား ဆရာ၊ ဆရာမ (၆၉) ဦးအား သင်တန်းကာလ (၅)ရက်ကြာ သင်တန်းပို့ချမည်ဖြစ်သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဆွေသန်း၊ အောင်မြေသာစံခရိုင် အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ မြို့နယ်လဝကမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)