ပုသိမ်ကြီး မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊မြို့မအုပ်စု၊ အောင်မင်္ဂလာ (၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (အထက-ပုသိမ်ကြီး) တွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်၊ ကျောင်းအုပ်ကြီး ဦးမျိုးဇော်ခိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ ဌာနဆိုင်ရာ အကြီးအကဲများမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာ စိုက်ထူခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)