ငါန်းဇွန်မြို့၌ “၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူ

ငါန်းဇွန်  မေ ၂၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၇ နာရီခွဲက “၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါမြေစိုက်ပိုစတာစိုက်ထူပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ “၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးရှေ့ မြို့လယ်လမ်းဆုံ၌လည်းကောင်း၊ ငါန်းဇွန်မြို့အခြေခံပညာအထက် တန်းကျောင်း ရှေ့၌လည်းကောင်း စိုက်ထူပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ငါန်းဇွန်မြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။                                     

သက်နောင်ဦး(ငါန်းဇွန်)