မြစ်သား မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို မေ ၂၂ ရက် နံနက် ၇ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့ စမ်းသပ်စစ်ဆေး၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊ ဆီးချို စသည့် အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ဆေးဝါးများအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်တို့ကို စမ်းသပ်ဆောင်ရွက်ပေးခဲ့သည်။ မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်ထုတ်ယူသူဦးရေ ၂၅၉၂ ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)