တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလှမျိုး ကျောက်ဆည်မြို့နယ်ရှိ နွေစပါး၊နွေနှမ်းနှင့်ဝါမျိုးစေ့ထုတ် စိုက်ခင်းများ ကွင်းဆင်းကြည့်ရှု

ကျောက်ဆည် ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလှမျိုးနှင့် လွတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတိုင်းစိုက်ပျိူးရေးဦးစီးမှူး၊ ဒု-တိုင်းစိုက်ပျိူးရေးဦးစီးမှူး၊ ခရိုင်ဦးစီးမှုးတို့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာတွင် စိုက်ပျိုး ထားသော နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၊ ကုလကျေးရွာတွင် စိုက်ပျိုးထားသော နွေနှမ်း မျိုးစေ့ထုတ်စိုက်ခင်းများနှင့် လွန်ကျော်ဝါသီးနှံသုတေသနနှင့်ဖွံ့ဖြိုးရေးခြံတွင် စိုက်ပျိုးထားသော ဝါမျိုးစေ့ ထုတ်စိုက်ခင်းများအားကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

ထို့နောက်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာမှ ဝန်ထမ်းများ နှင့်တွေ့ဆုံခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်အောင်က ဌာနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန် မှာကြားကြောင်းသိရသည်။

 သက်မောင်(ကျောက်ဆည်)