ရမည်းသင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့်  ဘေးသင့်နေအိမ်များအားကွင်းဆင်း ထောက်ပံ့

ရမည်းသင်း  ဧပြီ  ၂၈

ရမည်းသင်းမြို့နယ်အတွင်းရှိ မြို့ပေါ်/ကျေးရွာများ၌ ဧပြီ ၂၆ ရက် မွန်းလွဲ ၂  နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့်  အိမ်အမိုးလန်ခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ပေးခြင်းကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်မှုဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းထောက်ပံ့ရာတွင်  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ အဖွဲ့ဝင်ဒုဗိုလ်မှုးကြီးဇော်မျိုးထက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမောင်ရွှေသိန်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ခရိုင်ဦးစီးမှုးဒေါ်ဇင်မာထွန်းနှင့်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှုးဒေါ်သိမ့်သိမ့်မျိုးတို့က ပုတီးကုန်း၊ မြို့လှ၊ အုန်းသီးကွဲနှင့် မကျီးကုန်း ကျေးရွာအုပ်စု (၄)အုပ်စုတို့မှ အိမ်အမိုးလန်ခြင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေအိမ် ၃၁လုံးလူဦးရေ ၁၂၂ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေအိမ်မိုးသွပ်(၄)ချပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ ၂၁ သိန်း ၆ သောင်းကို နယ်မြေကွင်းဆင်း၍ အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်