ညောင်ဦးမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုမြေဩဇာရောင်းချပွဲအခမ်းအနားကျင်းပ

ညောင်ဦး ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုမြေဩဇာရောင်းချပွဲအခမ်းအနားကို  ဧပြီ ၂၈ ရက်၊နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော်ရထာခန်းမ၌ ရောင်းချပွဲကျင်းပခဲ့သည်။

အမ်းအနားတွင် ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ကအဖွင့်အမှာစကားပြေားကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီက ပန်းတိုင်သီးနှံ(၁၀)မျိုးတွင် စပါး၊ဆီထွက်သီးနှံ၊ပဲမျိုးစုံစိုက်ပျိုးသည့်အပြင် သီးနှံ(၁၃)မျိုးအနေဖြင့် ကြက်သွန်၊ကြက်သွန်ဖြူ၊ကုလားပဲသီးနှံများပါ ပန်းတိုင်အထွက် နှုန်းသီးနှံအဖြစ် စိုက်ပျိုးအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊မြစ်ရေတင်(၃)ခုတွင် နွေစပါးစိုက်ပျိုးပြီး၊မြစ်ရေတင်(၄)ခုတွင် ပဲတီစိမ်းသီးနှံအားစိုက်ပျိုးခဲ့ကြောင်းရှင်းလင်း ပြောကြားသည်။

၂၀၂၅-၂၀၂၆ ခုနှစ်၊ညောင်ဦးမြို့နယ်တွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီ ရေးဆောင်ရွက်လျက်ရှိရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးလက်တောင်သူများတက်ရောက်ခဲ့ကြောင်း၊ နွေသီးနှံစိုက်ပျိုးတောင်သူများအား တိုင်းဒေသကြီးအစီအစဉ်ဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် သွင်းအားစု ယူရီး ယားမြေဩဇာအား စုပေါင်းရောင်းချသည့်အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

ဒီပါလင်း