ပုသိမ်ကြီးမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုသိမ်ကြီး     ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီး အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၇ နာရီက မြို့မရပ်ကွက်ဈေးနှင့်  လူစည်ကားသော နေရာများ၌  ဖြန့်ဝေပေးသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  ပုသိမ်ကြီးမြို့နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ ၊ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ လက်ကမ်းစာစောင်များတွင် အပူဒဏ်ကာကွယ်ရေး လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် သတိပြုရမည့်အချက်များ၊ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သည့် လက္ခဏာများစသည့် အသိပညာပေးခြင်းများ ပါရှိသည်။

မေဝတီ ( ပုသိမ်ကြီး)