ချမ်းအေးသာစံ ဧပြီ ၂၈
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးပးအသင်း(ဗဟို)ရုံးခွဲ(မန္တလေး)တို့ပူးပေါင်းကျင်းပသည့် မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး” ဓာတ်ပုံနှင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကြင်းတော်ယန်ဗုဒ္ဓဘာသာကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး” ဓာတ်ပုံနှင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ဖွင့်ပွဲအခမ်းအနားအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က အဖွင့်အမှာစကားပြောကြားခြင်း၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ တရုတ်ကောင်စစ်ဝန်ချုပ် Ms.Gao Ping က အမှာစကား ထပ်မံပြောကြားသည်။
ထို့နောက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ(မန္တလေး)မှ ဥက္ကဋ္ဌ ဦးကျော်မင်းမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ အနုပညာနှင့်ယဥ်ကျေးမှူတက္ကသိုလ်(မန္တလေး)မှ ပန်းချီဌာနပါမောက္ခ ဒေါ်စန္ဒာဝင်းက ပန်းချီပြိုင်ပွဲအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အကဲဖြတ်ဒိုင်အဖွဲ့၊ မန္တလေးဓာတ်ပုံအသင်းနာယက ဦးသိန်းဌေးမောင်(ဆွေလှသိန်း)က ဓာတ်ပုံပြိုင်ပွဲအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး” ဓာတ်ပုံနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အကဲဖြတ်ပေးခဲ့ကြသော ဒိုင်လူကြီးမင်းများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များနှင့် ဆုများအား ထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)