မိတ္ထီလာမြို့နယ်၌  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်း အဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်

မိတ္ထီလာ ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက် နံနက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်က ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် စီမံကိန်းတာဝန်ခံက အဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်းပုံစံများ ဖြည့်သွင်းခြင်းလုပ်ငန်းများကို ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါသင်တန်းကို ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၏ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်ဇောင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာမှ ကျေးရွာကော်မတီဝင်များနှင့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)