လွှတ်တော်ကိုယ်စားလှယ်များ ပုသိမ်ကြီးမြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ပုသိမ်ကြီး ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လွှတ်တော်ကိုယ်စား လှယ်များသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် တွေ့ဆုံပွဲအခမ်းအနားကို ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တာ်ကိုယ်စားလှယ် ဦးဆွေသန်းက မိတ်ဆက်အမှာစကားပြောကြားသည်။ တွေ့ဆုံပွဲတွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာများ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးများကို ဌာနဆိုင်ရာများဖြင့် ပူပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏ လိုလားချက်များကို ဆောင်ရွက်ပေးနိုင်ရေးတို့ကို တွေ့ဆုံပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာ အကြီးအကဲများက မိတ်ဆက်စကားပြောကြားခြင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ   တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်