မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ် သံရွာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့်အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများရရှိစေရန်၊ မိမိတို့ရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့်လိုအပ်မှု အကြောင်း အရာများကို ပြည်သူများကြားတွင် ဆွေးနွေးတတ်စေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စကားဝိုင်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သံရွာကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို/ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီခွဲက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို/ပန်းချီပြိုင်ပွဲအခမ်းအနားကျင်းပခဲ့သည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ “ဒေသဖွံ့ဖြိုးတိုးတက်ရေး” ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပ

မန္တလေးမြို့၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက “ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ နံရံပန်းချီများ လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွား ဘုရားဖူး၊လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်လေးဆူးအားဖူးမြော်ပြီး အမိုးခုံးမျက်နှာကျက်များတွင် အပြည့်ရေးဆွဲထားသည့်နံရံဆေးရေးပန်းချီများကိုလေ့လာနိုင်ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊တာဝန်ရှိသူများထံကသိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)၌ မူးယစ်ဆေးဝါး၊ Online Game လူကုန်ကူးမှုနှင့် ယာဉ်စည်းကမ်းဆိုင်ရာများ အသိပညာပေး 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ မြို့မရဲစခန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စုတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး၊ Online Game၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၅ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။

ကျောက်ပန်တောင်းမြို့နယ်၌ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးထားရှိသည့် မိုးသီးနှံ နှမ်း ၁၁၅၃၁၉ ဧကနှင့်မြေပဲ ၂၃၄၉၀ ဧက အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေး အထောက်အကူဖြစ်စေရန် အလေးထားစိုက်ပျိုးခဲ့သည့် မိုးသီးနှံ နှမ်းနှင့်မြေပဲ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ အချို့ကျေးရွာများတွင် နှမ်းသီးနှံများ အပွင့်များ ဝေဝေဆာဆာဖြင့် သီးကင်းဝင်စပြုနေကြပြီဖြစ်သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊  ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် "၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့" အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို အမှတ် (၃၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံသို့ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

ချမ်းအေးသာစံမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး 

၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးများ၏ အန္တရာယ်ပိုမိုသိရှိနားလည်စေရန်  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) အစည်းအဝေးခန်းမ၌ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

အစိုးရနည်းပညာအထက်ကျောင်း(ကျောက်ဆည်)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တွင် ကျောင်းသား၊ကျောင်းသူများ ယာဉ်မောင်းသူများလိုက်နာရန်အချက်များ သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဘက်စုံသုံးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး