ငါန်းဇွန် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီခွဲက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို/ပန်းချီပြိုင်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကဗျာရွတ်ဆို/ပန်းချီပြိုင်ပွဲများတွင် အမှတ်(၁၊ ၂၊ ၃၊ ၄)အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုအောင်၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မို့မို့စံတို့က အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုအောင်၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦး၊ အမှတ်(၁၊ ၂၊ ၃၊ ၄)အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာမများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)