အမရပူရမြို့နယ်ရှိရတနာပုံတက္ကသိုလ်၌ နေ့သင်တန်း စာမေးပွဲများကျင်းပ
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်း သင်တန်းနှစ်အသီးသီး၏ (ဒုတိယနှစ်ဝက်)နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စတုတ္ထနှစ် (၂၀၂၀ ပြည့်နှစ်အောင်)၊ ဒုတိယနှစ်ဂုဏ်ထူးတန်းသင်တန်း၊ ဒုတိယနှစ်မဟာသင်တန်း(ဥပဒေပညာ)၊ ပထမနှစ် စာကြည့်တိုက်နှင့်သုတညာ ဘွဲ့လွန်ဒီပလိုမာ (ပထမနှစ်ဝက်) နေ့သင်တန်း စာမေးပွဲများကို စက်တင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။