စဉ့်ကိုင် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါး၏ အဓိပ္ပာယ် လေးချက်၊ မူးယစ်ဆေးဝါးအုပ်စု ငါးမျိုး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ "ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ပါ ကဗျာ၊ ဆောင်ပုဒ်များ၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင်မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများစသည့် အချက်အလက်များ ပါဝင်သည်။
ကျော်စွာ(စဉ့်ကိုင်)