ကျောက်ဆည် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ကျောင်းသား၊ကျောင်းသူများ ယာဉ်မောင်းသူများလိုက်နာရန်အချက်များ သိရှိစေရန် ဇွန် ၂၅ရက် နံနက်ပိုင်းက အဆိုပါကျောင်းဘက်စုံသုံးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဇာနည်ထွန်းကအမှာစကားပြောကြားခဲ့ပြီး အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုတိယရဲမှူး ထိန်းလင်းအောင်က မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်မောင်းနင်သူများ၊ လမ်းဖြတ်ကူးသူများ သတိပြုလိုက်နာရန်အချက်များနှင့် ဖျောက်ဖျက်ကျူးလွန်က ချမှတ်နိုင်သောပြစ်ဒဏ်များကို အသိ ပညာပေးဟောပြောသည်။
ဆက်လက်ပြီး အစိုးနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဒုတိယရဲမှူးထိန်လင်းအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး