ကျောက်ပန်တောင်း ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ မြို့မရဲစခန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စုတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး၊ Online Game၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၅ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ရီရီမွန်က အမှာစကားပြောကြားပြီး ကျောက်ပန်း တောင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုတိရရဲမှူး ကျော်ဇင်ထွေးက မူးယစ်ဆေးဝါး၊ Online Game၊ လူကုန်ကူးမှု အန္တရာယ်အကြောင်း ဟောပြောသည်။ ဆက်လက်၍ ယာဉ်ထိန်းတပ်ဖွဲ့စု(၉၃)မှ ရဲအုပ် နိုင်လင်းထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို လက်တွေ့သရုပ်ပြ အသိပညာပေး ဟောပြောသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက မြို့မစခန်းမှူးနှင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတို့အား လက်ဆောင်ပစ္စည်းများပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(ကျောက်ပန်တောင်း) ကျောင်းအုပ်ကြီး ဒေါက်တာ ရီရီမွန်၊ ဒုတိယ ကျောင်းအုပ်ကြီး ဦးဟံဝင်းအောင်နှင့် ဌာနမှူများ၊ ကထိကများ၊ လက်ထောက် ကထိကများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၂၄၈ ဦး၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်ဇင်ထွေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၉၃) မှ တပ်ဖွဲ့စုမှူး ရဲအုပ် နိုင်လင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)