ချမ်းအေးသာစံ ဇွန် ၂၆
၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးများ၏ အန္တရာယ်ပိုမိုသိရှိနားလည်စေရန် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) အစည်းအဝေးခန်းမ၌ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က “မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များကို” ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြန်လည်ဖြေကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတများတိုးပွားစေရန်အတွက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံများအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)