ငါန်းဇွန် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များ၌ ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီပန့်တစ်ပန့်ထဲဖွင့်၍ ရောင်းချခြင်းရှိ/မရှိအား တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စက်သုံးဆီအရောင်များသို့ သွားရောက်ပြီး စက်သုံးဆီအရောင်းဆိုင်များ၌ ဆီပန့် တစ်ပန့်ထဲဖွင့်၍ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာ ဆီပန့်တစ်ပန့်ထဲဖွင့်၍ ရောင်းချနေသည့် ဆိုင်များမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်သုံးဆီဆိုင် ပိုင်ရှင်များအား အကြောင်းအမျိုးမျိုးပြ၍ ပညာပြရောင်းချခြင်းမရှိစေရေး အသိပေး မှာကြားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)