မိတ္ထီလာမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန်၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန် ဦးဆောင်မှုဖြင့် ၂ဝ၂၆ ခုနှစ်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာ ခရိုင်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် Grade-11 ကျောင်းသူ မနှင်းရတနာအောင်က ကျပန်းစကားပြောစွမ်း ရည်ပြသပြောကြားသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုကလစ်ကိုပြသပြီး ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိကြသည့်ကျောင်းသူကျောင်းသားများထံသို့ ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကိုကျင်းပရာတိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးမြင့်ဆန်း(ခ) ဦးမြသွင်မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(မိတ္ထီလာခရိုင်)ဥက္ကဋ္ဌဒုရဲမှူးကြီး ဦးတင်ထွန်း(ငြိမ်း)၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲပိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်မျိုးဝင်းနှင့် အမှတ် (၅၅) မူးယစ်တပ်ဖွဲ့စုမှူး (မိတ္ထီလာခရိုင်) ဒုရဲမှူးကျော်စိုးလင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချမ်းသာ