မလှိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မလှိုင်  ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဇွန် ၂၆ရက်နေ့တွင် ကျရောက်သည့် “၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို အ.ထ.က(မလှိုင်) ယမန်နေ့နံနက်ပိုင်း ကျောင်းသား၊ ကျောင်းသူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားအသိပညာပေးလက်ကမ်းစာစောင်တွင် လူငယ်လူရွယ်များမူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စာပေနှင့် အားကစားကို ကြိုးစားကြရန် တိုက်တွန်းချက်များ၊ ဝိုင်းဝန်ကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်၊ ကမ္ဘာ့ပြဿနာမူးယစ်ဆေး၊ တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊  အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊  မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အဓိပ္ပာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအုပ်စု ငါးမျိုးဖြစ် သည့် ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ICE ၊ ဆေးခြောက် အစရှိသည့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အကြောင်း၊ လူငယ်များ သိရှိလိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ ကဗျာများနှင့် ကာတွန်းများပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံသို့ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မလှိုင်(ပြန်/ဆက်)