ရန်ကုန်တိုင်းဒေသကြီး

ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွငိ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စတင်ကပ်ထားကြေညာထားကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ မိုးစပါး Seeder ဖြင့် စိုက်ပျိုးသောစံကွက်ရိတ်သိမ်းပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ရုံးသပြေကန်ကျေးရွာတွင် မိုးစပါးမျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားရှိသော စံပြကွက်တောင်သူ ဦးကျော်မျိုးသူ၏ မှော်ဘီ(၃) စပါးအမျိုးအစား စိုက်ဧက(၇.၂၆)အား စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တိုင်းကျန်းမာ‌ရေးဦးစီးမှူး၏ ကြီးကြပ်လမ်းညွှန်မှုအရ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကုန်းတလပေါင်း RHC ပင်မအပိုင် ဝေဠုဝန်လမ်းရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားသော ဗာရာဏသီကျောင်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ပိုးလောက်လန်းကာကွယ်နှိမ်နင်းရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ဗိုလ်တထောင်မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်များအတွင်း ပထမအကြိမ်အဖြစ် မဲစာရင်း ကပ်ထား ကြေညာထားရှိခြင်းကို ယနေ့နံနက်ပိုင်းက စတင် ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကဝမြို့နယ်၌ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများတွင် ကြော်ငြာ ဘုတ်များဖြင့်ကြေညာထားကြောင်းသိရသည်။

ခရမ်းမြို့နယ်၌ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား ကွင်းဆင်းကုသမှုများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အမှတ်(၂)ရပ်ကွက် အောင်‌ဓမ္မရိပ်သာရှိ ယောဂီများအား တိုင်းရင်းဆေးများဖြင့် ဆေးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများရောင်းချမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပြင်ဆင်ဆောင်ရွက်နေမှုများကို စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဒလမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်က ကမာကဆစ်ရပ်ကွက်၊ ဒလ-တွံတေးကားလမ်းမ‌‌ဘေးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရပ်ကွက်စာကြည့်တိုက်အား စာအုပ်လှူဒါန်းပွဲနှင့် အသစ်ဖွင့်လှစ်မည့် စာကြည့်တိုက်အား ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်၊ ငြိမ်းချမ်းစိမ်းလန်းစာကြည့်တိုက်တွင် တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ စာအုပ်စာစောင်များနှင့် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး