ဗိုလ်တထောင် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်များအတွင်း ပထမအကြိမ်အဖြစ် မဲစာရင်း ကပ်ထား ကြေညာထားရှိခြင်းကို ယနေ့နံနက်ပိုင်းက စတင် ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို စက်တင်ဘာ ( ၃၀ ) ရက်နေ့မှ အောက်တိုဘာ (၁၃) ရက်နေ့အထိ (၁၄)ရက်ကြာ ကြေညာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင် များအနေဖြင့် မိမိစားရင်းအား လာရောက်ကြည့်ရှု၍ မိမိအမည် မဲစာရင်းတွင် မပါ၀င်ပါကပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန်တောင်းဆိုနိုင်ခြင်း၊ မပါ၀င်သင့်သေးသူများ ပါ၀င်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ် နိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းကိုလာရောက် ကြည့်ရှုမှသာ မှန်ကန်သော မဲစာရင်းရရှိနိုင်မည် ဖြစ်ကြောင်းကို ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက် များအတိုင်း သက်ဆိုင်ရာတာ၀န်ရှိသူများက ရှင်းလင်းပြောကြား ပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိရပ်ကွက် (၁၂) ရပ်ကွက်သို့ တစ်ရပ်ကွက်ခြင်းအလိုက် မဲစာရင်းများစတင် ကပ်ထားကြေညာထားမှုများအား ဗိုလ်တထောင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးလှိုင်မောင် နှင့်အဖွဲ့ဝင်များမှ မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် များနှင့်အတူ လိုက်လံကြည့်ရှုစစ် ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း(ပြန်/ဆက်)