ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများစာရင်းအားရပ်ကွက်၊ ကျေးရွာများအလိုက် ကြေညာ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများအား ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက်ကပ်ထားကြေညာခြင်းကို စက်တင်ဘာ(၃၀) ရက်မှ စတင်၍ ဆောင်ရွက်သည်။