ကဝမြို့နယ်၌ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ကဝ   အောက်တိုဘာ   ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများတွင် ကြော်ငြာ ဘုတ်များဖြင့်ကြေညာထားကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ (၁၃) ရက်အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ကပ်ထားကြေညာထားရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ (၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည်စသဖြင့် မှားယွင်းနေပါက ပုံစံ ၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း အထက်ပါ ပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း  မြို့နယ်ကော် မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)