ခရမ်းမြို့နယ်၌ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား ကွင်းဆင်းကုသမှုများဆောင်ရွက်

ခရမ်း အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အမှတ်(၂)ရပ်ကွက် အောင်‌ဓမ္မရိပ်သာရှိ ယောဂီများအား တိုင်းရင်းဆေးများဖြင့် ဆေးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က တိုင်းရင်းဆေးအကြောင်းအရာများအား အသိပညာပေးခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျီးပေါင်း၊ ထုံနာကျဥ်နာရောဂါ စသည့်လူနာ(၂၈)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကုသပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)