သန်လျင်မြို့နယ်၌ မိုးစပါး Seeder ဖြင့် စိုက်ပျိုးသောစံကွက်ရိတ်သိမ်းပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၂

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ရုံးသပြေကန်ကျေးရွာတွင် မိုးစပါးမျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားရှိသော စံပြကွက်တောင်သူ ဦးကျော်မျိုးသူ၏ မှော်ဘီ(၃) စပါးအမျိုးအစား စိုက်ဧက(၇.၂၆)အား စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်နှင့်အဖွဲ့၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးအေးဝင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးဝင်းနှင့် စိုက်ကြပ်အဖွဲ့ဝင်များ၊ တောင်သူများက ကြည့်ရှု့အားပေးကြပြီး အဆိုပါလယ်မြေမှ စပါးအစိုတင်း(၁၄၁.၂)တင်း၊ အခြောက်တင်း(၁၁၄.၅၆)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြိုးသီဟ(သန်လျင်)